OPERATION HANOI HANNAH ဆိုတာဘာလဲ?
ပြည်သူများကို ရက်စက်စွာသတ်ဖြတ်နေသော စစ်သားတို့ကို ၀ါဒဖြန့်၍ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရန် ဗီယက်နမ်စစ် (Vietnam War) တွင်ပါ၀င်ခဲ့သော Hanoi Hannah ကို ကိုးကား၍ ကျွန်တော်တို့သည် အသံသွင်း၍ အသံဖိုင်များ ပြုပြင်ဖန်တီးခဲ့ပါသည်။ ဤ အသံဖိုင်များကို ပြည်သူများ အနေဖြင့် နေရာအနှံ့၊ တစ်နေကုန် ဖွင့်ပေးခြင်းဖြင့် စစ်သားများ၊ ရဲတပ်ဖွဲ့၀င်များကို စိတ်ဒဏ်ရာ ဆွပေးခြင်း၊ အမျိုးမျိုး နားချခြင်း တို့ဖြင့် စိတ်ယိုင်လာပြီး CDM (Civil Disobedience Movement) တွင် ပါ၀င်လာစေမည် ဟုမျှော်လင့်ပါသည်။
ဘယ်လို ကူညီနိုင်မလဲ?
-
အသံဖွင့်ခြင်း - ဒီ operation သည် စစ်သားများမသိအောင်လျှို့၀ှက်ထားရန် မလိုပါ။ ငယ်ငယ်တုန်းက တီဗွီတွေမှာ "တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော် တည်တံ့ခိုင်မြဲရေး" နေ့တိုင်း နားထောင်ရပြီး ကျွန်တော်တို့ ခေါင်းထဲဆွဲသွားသလို စစ်သားတွေရဲ့ ခေါင်းထဲ၊ အရိုးထဲ ဆွဲသွားအောင်၊ တဖြည်းဖြည်းနဲ့ သူတို့ စိတ်ဒဏ်ရာရသွားအောင် စပီကာများနဲ့ ၂၄ နာရီဖွင့်ပေးဖို့ ပဲ လိုအပ်ပါတယ်။ ဒါပေမဲ့ စပီကာများဖွင့်ရာတွင် မိမိကိုစစ်သားများ ရှာမတွေ့အောင် အန္တရာယ်ကင်းသည့် နေရာမှာနေဖို့ သတိပေးလိုပါတယ်။ မိမိ လုံခြုံရေးသည်သာ အဓိကပါ။
-
Script ရေးပေးခြင်း - Audio file များအတွက် ကိုယ့် အကြံဉာဏ်ကွန့်မြူး ပြီး script ရေး၍ ကျွန်တော်တို့ ဆီကို ပို့ပေးလို့ ရပါတယ်။ ၃-၄ မိနစ်စာလောက်ရေးရင် အဆင်ပြေပါတယ်။
-
အသံသရုပ်ဆောင်/အသံသွင်းပေးခြင်း - ကျွန်တော်တို့ကို အသံသွင်းပေးခြင်းဖြင့် ကူညီပေးလို့ ရပါတယ်။ ကျွန်တော် တို့ မှရှိသော script တွေကို သုံးပြီး အသံသွင်းပေးနိုင်ပါတယ်။
-
မျှဝေပေးခြင်း - မိမိ သူငယ်ချင်းများ၊ မိသားစု၊ အသိများနှင့် social media ပေါ် တွင် တင်ကာဝေမျှပေးခြင်း ဖြင့် ကူညီ ပေးနိုင်ပါတယ်။ Twitter မှာ ဖြန့်ရန် ဒီခလုတ် နှိပ်ပေးပါ။
ဒေါင်းလုဒ် လင့်များ
နောက်ခံသမိုင်း
Hanoi Hannah သည် ဗီယက်နပ်စစ် (Vietnam War) အတွင်း ရေဒီယို ဟနွိုင်း (Radio Hanoi) မှ တဆင့် သူ၏ အသံလွှင့် ၀ါဒဖြန့်မှုများကြောင့် အမေရိကန် စစ်သားများ အနက် နာမည် ကျော်ကြား ခဲ့သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ အမေရိကန်စစ်သားများကို ကြောက်ရွံ့ လာအောင်၊ သူတို့၏ လုပ်ရက်များကို ရှက်စိတ်၊ အသိစိတ်၀င်လာအောင် ရည်ရွယ်၍ Hanoi Hannah အသံလွှင့်ရန် စာသားများကို မြောက်ဗီယက်နမ်စစ်တပ်မှ ရေးသားပေးခဲ့သည်။
သူမသည် ကျဆုံးသွားသော (သို့) အဖမ်းခံထားရသော အမေရိကန် စစ်သားများ ၏ နာမည်စာရင်းများကို ရွတ်ပြခြင်း၊ မိမိတို့ မွေးရပ်မြေ လွမ်းဆွတ်လာအောင် စစ် ကိုဆန့်ကျင်သော အမေရိကန်သီချင်းများဖွင့်ခြင်း စသည်ဖြင့် နေ့စဥ် သုံးကြိမ် အသံလွှင့်ခဲ့သည်။ သူမသည် "အမေရိကန် စစ်သားများသည် ရန်သူထက် မိမိတို့ အချင်းချင်းကို ပို ယုံကြည်နား၀င်သည်" ဟု ယုံကြည်သည့် အလျောက် အမေရိကန်လူမျိုးတို့ ၏ စစ်ဆန့်ကျင်သော စကားများကို အသံဖမ်းကာ ရေဒီယို အသံလွှင့်ခဲ့သည်။ စစ်သားများကလည်း အချိန်ကြာလာသည် နှင့် အမျှ စိတ်ယိုင်လာကာ စစ်ပြေးခြင်း၊ မိမိတို့ အထက် အရာရှိများ ကို လက်ပစ်ဗုံး များဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။

ဗီယက်နမ်စစ်အတွင်း
Hanoi Hannah အသံလွှင့်နေပုံ


Hanoi Hannah ၏ ဓာတ်ပုံများ